Sunday, April 26, 2015

ဂန့်ဂေါ ဧပြီ ၂၄
    ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာကို တောင်ခရမ်းရေလှောင်တမံ တည်ရှိသဖြင့်လည်းကောင်း၊ ဂန့်ဂေါ- ကလေး ကားလမ်းနှင့် ရထားလမ်းပေါ်တွင်တည်ရှိ၍လည်းကောင်း၊ လယ်ယာမြေပေါများပြီး သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်၍လည်းကောင်း လူသိများသည်။
    အဆိုပါကျေးရွာသည် လူနေအိမ်ခြေ  ၆၀၀ ကျော်ရှိနေသဖြင့် တိုးချဲ့ရပ်ကွက်သစ်တွင် နေထိုင်ကြသူ များမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးရွာစာကြည့်တိုက်တို့နှင့် အနည်းငယ်အလှမ်းကွာပြီး ရပ်ကွက် သစ်တွင် နေထိုင်ကြသူများ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် သုတဓမ္မဘဏ် စာကြည့်တိုက်ကို ရပ်ကွက်သစ်၏ လူမှုရေးအဖွဲ့ဝင်ဖြစ်သူ ဦးဇော်မြင့်လင်း၏နေအိမ်တွင် ဖွင့်လှစ်ထားသဖြင့် ရပ်ကွက်နေပြည်သူများ စာပေ၊ ဗဟုသုတတို့ လေ့လာနိုင်လျှက်ရှိသည်။
    အဆိုပါစာကြည့်တိုက် ပိုမိုတိုးတက်နိုင်ရန်ရည်ရွယ်လျှက် ကျေးရွာနေပြည်သူများစုပေါင်းကာ ငွေပဒေ သာပင်အဖြစ် ငွေကျပ် တစ်သိန်း သုံးသောင်း ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၂၃ ရက်က သုတဓမ္မဘဏ်စာကြည့် တိုက်၌ပြုလုပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က စာကြည့်တိုက်မှူးထံပေးအပ်လှူဒါန်းသည်။ လှူဒါန်းပွဲ သို့ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးစိုးမြင့်နှင့် ကျေးရွာမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
    သုတဓမ္မဘဏ်စာကြည့်တိုက်တွင် ငွေပဒေသာပင် ကျပ်ငါးသိန်းကျော်ရှိနေရာ အတိုးအညွန့်ဖြင့် ၃ လ တစ်ကြိမ်စာအုပ်သစ်များဝယ်ယူကာ ရပ်ကွက်နေပြည်သူများထံ စာအုပ်များငှားရမ်းပေးကြောင်းနှင့် စာအုပ်၊ စာ အုပ်စာစောင်တိုးပွါးရေးအတွက် ဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video