Sunday, April 26, 2015
4:07 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ဧပြီ ၂၃ ရက်နံနက်၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ် အတွင်းမကွေးတိုင်းမှရွေးချယ်ထားသည့် အဌမတန်းနှင့်န၀မတန်းမှ ဘက်စုံပညာထူးချွန်လူငယ်များအား လမ်းညွှန်အမှာစကားပြောကြားခြင်းနှင့်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊တိုင်းဒေကြီးလွှတ်တော် ဒုတိယဥက္ကဌ၊တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများ၊ဘက်စုံပညာထူးချွန်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်နှင့်မြို့နယ်အသီးသီးမှ ရွေးချယ်ထားသော ၈တန်း၊၉တန်းဘက်စုံပညာထူးချွန်လူငယ် များမှ တစ်ဦးချင်းမိတ်ဆက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများအား မိတ်ဆက်ဂါရ၀ပြုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှသြ၀ါဒခံလမ်းညွှန်စကားပြောကြားရာတွင်နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေး မြင့်မားရေးအတွက် ဘက်စုံဆောင်ရွက်လျက်ရှိကြောင်း၊တိုင်းပြည်၏အနာဂတ်တိုးတက်ရန်အတွက် လူငယ်များ၏လက်ထဲတွင်ရှိကြောင်း၊လူငယ်များသည်မျိုးဆက်အလိုက် တိုးတက်မှ တိုင်းပြည်တိုးတက်မှာ ဖြစ်၍ တစ်ဦးချင်းစည်းကမ်းလိုက်နာမှတိုင်းပြည်တိုးတက်မည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အပြိုင်အဆိုင် ကြိုးစားရန်လိုအပ်ပြီး လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကြရန်နှင့် ဘက်စုံထူးချွန်လူငယ်များ သက်ဆိုင်ရာအပန်းဖြေခရီးအသီးသီးတွင်တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဗဟုသုတများကို လေ့လာဆည်းပူးရန်လိုအပ်ကြောင်း စသည်ဖြင့်အကျယ်တ၀ံ့ မှာကြားခဲ့သည်။
ဆက်လက်၍ ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ်တွင်ဘက်စုံပညာထူးချွန်လူငယ်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးမှ ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ်အတွင်း ဒဿမတန်း၊န၀မတန်း အဌမတန်း ဘက်စုံပညာထူးချွန်လူငယ်ရွေးချယ်မှု အတန်းလိုက်အပန်းဖြေစခန်းများသို့သွားရောက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြပြီးဘက်စုံပညာထူးချွန်ကျောင်းသူတစ်ဦးမှကျေးဇူးတင် စကားပြော ကြားခဲ့ကာအခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ်အတွင်း ဒဿမတန်း ဘက်စုံပညာထူးချွန်ဆုရရှိသူ(၁၄)ဦးနှင့်ကြီးကြပ်ဆရာ/ဆရာမ(၂)ဦးသည် ငွေဆောင်အပန်းဖြေစခန်းသို့ လည်းကောင်း၊န၀မတန်း ဘက်စုံပညာထူးချွန်ဆုရရှိသူ(၁၄)ဦးနှင့်ကြီးကြပ်ဆရာ(၁)ဦးသည် အင်းလေး အပန်းဖြေစခန်းသို့လည်းကောင်း၊အဌမတန်း ဘက်စုံပညာထူးချွန်ဆုရရှိသူ(၁၄)ဦးနှင့်ကြီးကြပ်ဆရာ(၁)ဦး သည် ပုဂံအပန်းဖြေစခန်းသို့လည်းကောင်းသွားရောက်ကြမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအား စုရပ်အသီးသီးသို့သွားရောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မော်တော်ယာဉ်စီစဉ်ပေးခြင်း၊ လမ်းခရီး တွင်စားသောက်ရန်စီစဉ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။ထိုသို့ လေ့လာရေးသွာရောက်မည့် ကျောင်းသား/ကျောင်းသူ (၄၂)ဦးနှင့်အုပ်ချုပ်သူ ဆရာ/ဆရာမ(၄)ဦးအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် (၉၆၀၀၀၀/ိ-)အား မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (လူမှုရေး)ရန်ပုံငွေမှ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment