ဂန့်ဂေါ ဧပြီ ၂၅
ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များတွင် အခြေခံပညာ စတုတ္ထတန်းနှင့် အဌမ တန်းစာမေးပွဲများတွင် အောင်မြင်ခြင်းမရှိသူများအား ဧပြီ ၂၅ ရက်မှစတင်ကာ ပြန်လည်ကုစား သင်ကြားပေး လျှက်ရှိသည်။
ထိုသို့သင်ကြားရာတွင် ဂန့်ဂေါမြို့နယ်၌ အဌမတန်းတွင် ၁၀၇၁ ဦး၊ စတုတ္ထ တန်းတွင် ၇၈၅ ဦး၊ ထီးလင်းမြို့နယ်၌ အဌမတန်းတွင် ၃၈၄ ဦး၊ စတုတ္ထတန်းတွင် ၁၀၂ ဦး၊ ဆောမြို့နယ်၌ အဌမတန်းတွင် ၆၁၅ ဦး စတုတ္ထတန်းတွင် ၂၄၅ ဦးတို့အား သင်ကြားပေးလျှက်ရှိကြောင်းနှင့် မေ ၈ ရက်ထိ သင်ကြားသွားးမည်ဖြစ်ကာ မေ ၁၄၊ ၁၅၊ ၁၆ ရက်တို့တွင် စာမေးပွဲဖြေဆိုကြရမည်ဖြစ်ကြောင်းနှင့်
အောင်စာရင်းကို မေ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment