Sunday, April 26, 2015


ဂန့်ဂေါ ဧပြီ ၂၅
    ဂန့်ဂေါမြို့ ဘုရားကြီးမြောက်ကျောင်းတိုက်၌ ဧပြီ ၂၅ ရက်နံနက်က အဘိဓမ္မာ ၇ ကျမ်းရွတ်ပွါးပူဇော်ပွဲ ဖွင့်ပွဲကျင်းပရာ ရှေးဦးစွာအခမ်းအနားကို နမောတဿ ဘုရားရှိခိုးဖြင့် ဖွင့်လှစ်ကြပြီး ရှစ်ပါးသီလကိုခံယူဆောက် တည်ကြကာ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တော်ကို နာယူကြသည်။
    ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘုရားကြီးမြောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ က အဘိဓမ္မာ ၇ ကျမ်းကို စတင်ရွတ်ပွါးကြောင်းနှင့် သံဃာတော် ၃၅ ပါးတို့က ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဌာန်းကျမ်း တို့ကို မေ ၁ ရက်ထိ အလှည့်ကျ ရွတ်ပွါးပူဇော်ကြမည်ဟု သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video