Tuesday, April 7, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ နံကပ်ကျွန်း ကျေးရွာအုပ်စု၊ ကျွန်းစုကျေးရွာ အနီး၊ မြသလွန်ဘုရား အနောက်ဘက် ဧရာဝတီမြစ်အတွင်း ဘုရားကြီးဆိပ်ကမ်းတွင် သီလရှင်နှစ်ပါး ရေနစ်သွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ မကွေးမြို့၊ မြသလွန်ဘုရားအရှေ့ဘက်ရှိ သီရိစန္ဒာရုံ စာသင်တိုက်နေသူ မဣန္ဒာရီ (လူအမည် မအိဖြိုးဝေ) (၁၆)နှစ်နှင့် မပညာသိင်္ဂီ (လူအမည်မဖြိုးစုဝေ) (၁၃)နှစ် တို့သည် ဧရာဝတီမြစ် အတွင်း ရေဆင်းချိုးရာမှ နှစ်ပါးစလုံး ရေနစ်သွားသဖြင့် ရေချိုးဆိပ်အနီး သုံးဘီးဆိုင်ကယ် ဂိတ်ရှိ မင်းမင်းအောင် (ခ)လက်မမှ ရေနစ်သူ သီလရှင် (၂)ပါးအား လိုက်လံဆယ်ယူရာ မဣန္ဒာရီ (အိဖြိုးဝေ) အား ဆယ်ယူရရှိပြီး မပညာသိင်္ဂီ (မဖြိုးစုဝေ)အား ဆယ်ယူရရှိခြင်း မရှိဘဲ (၁၅)မိနစ်ခန့် အကြာတွင် မပညာသိင်္ဂီ (မဖြိုးစုဝေ)၏ အလောင်းအား သာယာကုန်းကျေးရွာမြစ်ဆိပ်တွင် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ ပါးစပ်နှင့်နှာခေါင်း တို့မှ အမြှုပ်ထွက်နေပြီး လက်ချောင်းများမှာ ညိုမဲနေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် မပညာသိင်္ဂီ (မဖြိုးစုဝေ) သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မကွေးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၅ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video