၂၀၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု(မကွေး)မှ ရဲတပ်ဖွဲ့ဝင် များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မကွေးမြို့ကျန်းမားရေးဦးစီးဌာနမှ အဖွဲ့များ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ၀င်ရောက်ရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်းအမှတ်စဉ် (၁/၂၀၁၅)ဖြင့် မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၈)လမ်း၊ အိမ်အမှတ် (၂၆၀) နေသူ ခင်မောင်ဆန်း (ခ)ပလိုကိုး (၂၉)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းရှိ စတိုခန်းအတွင်း မှ Dr-X-100 စာတမ်းပါ (၄)ပြားပါ (၁)ကဒ် (၁)ဗူးလျင် (၃)ကဒ်ပါ ဆေးဗူး (၅၀)ဗူး၊ MAXMAN Capsules စာတမ်းပါ(၁)ဗူးလျင် ဆေးတောင့်(၆၀)ပါ ဆေးဗူး (၇)ဗူး၊ Sildenafil Citrate Tablets 100 mg နှင့် Mastigra 100 စာတမ်းပါ (၄)ပြားပါ (၁)ကဒ် (၁)ဗူးလျင် (၂)ကဒ်စီပါသည့် ဆေးဗူးသေး (၂၄)ဗူးပါ ပါကင်ဗူး(၂)ဗူး၊ Mastigra 100 စာတမ်းပါ (၁)ဗူးလျင် (၄)လုံး(၂)ကဒ်စီပါသည့် ဆေးဗူးသေး (၂၀)ဗူး၊ Power Viagra နှင့် တရုတ်စာတမ်းပါ အစိမ်းရောင် ပါကင်ပိတ် ဆေးပုလင်း (၁၀)လုံးစီပါ ဆေးဗူး (၃)ဗူး၊ GERMANY SEX DROBS စာတမ်းပါ (၁)ကဒ်လျင် ဆေးဗူး (၃)ဗူးပါသည့် ဆေးဗူး(၂)ကဒ်၊ CHAMP စာတမ်းနှင့် အနီရောင်အလံ တံဆိပ်ပါ ဆေး(၁)တောင့်ပါ ဗူးသေး(၁၂)ဗူးစီပါ ပါကင်(၃)ကဒ်၊ POSH နှင့် for man only စာတမ်းပါ ဆေးတောင့်ဗူး (၁၂)လုံးစီပါ ပါကင် (၅)ကဒ်၊ MAN KING စာတမ်းပါ ငွေရောင် အသည်းပုံစံ ဆေးပြား (၁၀)ပြားစီပါ သံဗူး (၂)ဗူး၊ တရုတ်စာတမ်းပါပြီး အ၀ါရောင် အပြာရောင် အတွဲ ဆေးလုံး(၈)လုံးစီပါ ဆေးကဒ် (၂)ကဒ်၊ တရုတ်စာတမ်း နှင့် ပိတုန်းကောင်ပုံပါ အ၀ါ နှင့်လိမ္မော်ရောင် စပ်ကြား ဆေးတောင့် (၁၂)လုံးစီပါ ဆေးကဒ်(၄)ကဒ်၊ MENGEL စာတမ်းပါ ကော်ဗူးဖြင့် ဆေးရည် ထည့် လျက် (၆)ဗူး၊ Black diamond စာတမ်းပါ ဆေးတောင့် (၃)ခုနှင့် SUN တံဆိပ်ပါ လေးထောင့်ကတ္ထူ စက္ကူဂျပ်ပုံး (၁)ပုံးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း၊
၎င်းအပြင် အထက်ဖော်ပြပါ တားမြစ် ကာမဆေးဝါးများနှင့်အတူ ရောနှောထားရှိသော စက္ကူဂျပ်ပုံး အတွင်းမှ တရားမ၀င် တားမြစ် မူးယစ်ဆေးဝါးများ ဖြစ်သည့် အ၀ါနှင့် အစိမ်းရောင် ဆေးတောင့် (၁၀)တောင့်စီပါ Tramacap ဆေးကဒ်(၃၇)ကဒ် (၇၄-ဂရမ်) (တန်ဖိုး ၃၇x၁၅၀၀ = ၅၅၅၀၀ိ/-)ခန့်အား သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းအပြင် အထက်ဖော်ပြပါ တားမြစ် ကာမဆေးဝါးများနှင့်အတူ ရောနှောထားရှိသော စက္ကူဂျပ်ပုံး အတွင်းမှ တရားမ၀င် တားမြစ် မူးယစ်ဆေးဝါးများ ဖြစ်သည့် အ၀ါနှင့် အစိမ်းရောင် ဆေးတောင့် (၁၀)တောင့်စီပါ Tramacap ဆေးကဒ်(၃၇)ကဒ် (၇၄-ဂရမ်) (တန်ဖိုး ၃၇x၁၅၀၀ = ၅၅၅၀၀ိ/-)ခန့်အား သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိပါသည်။
သိမ်းဆည်းရမိသော တရားမ၀င် တားမြစ် ကာမဆေးဝါးများနှင့် တားမြစ် မူးယစ်ဆေးဝါးများ လက်ဝယ် ထားရှိရောင်းချသူ ခင်မောင်ဆန်း(ခ) ပလိုကိုး အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၂/၂၀၁၅၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ အရ လည်းကောင်း၊ မကွေးမြို့မရဲစခန်း မယ(ပ)၁/၂၀၁၅၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေပုဒ်မ ၁၅/၁၉ (က) အရ လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment