Monday, April 6, 2015
6:27 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဧပြီးလ (၆)ရက်
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ မြို့နယ်များရှိ မီးသတ်စခန်းမှ တာဝန်ရှိ ဦးစီးမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်တို့သည် မီးသတ်ရေသယ်ယာဉ် များဖြင့် သောက်သုံးရေးများလှူဒါန်းလျက်ရှိရာ ၂၀၁၅ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် နတ်မောက်မြို့နယ် ၀မ်းဘဲအင်းရွာ၊ တောင်တွင်းကြီးမြို့နယ် အုန်းတော(၁)ရပ်ကွက် အပိုင်း(၄)ရှိ ပြည်သူများသို့ စုစုပေါင်းရေဂါလန် (၄၀၀၀)ခန့်ကို ဖြန့်ဝေလှူးဒါန်းခဲ့ပါသည်။ ထို့အပြင် ပခုက္ကူမြို့နယ် ကြီးရွာ၊ ရေစကြိုမြို့နယ် ဂွေးပင်သာရွာ၊ မြိုင်မြို့နယ် ပုတွင်းကျေးရွာ၊ ပေါက်မြို့နယ် သပြေရေရွာ၊ ဆိပ်ဖြူမြို့နယ် တဲကြီးရွာမှ ပြည်သူများသို့ စုစုပေါင်းရေဂါလန် (၁၂၀၀၀)ခန့်ကို ဖြန့်ဝေလှူဒါန်းခဲ့ကြောင်းသိရှိရသည်။
၂၀၁၅ခုနှစ် ဧပြီလ(၅)ရက်နေ့တွင်လည်း ပေါက်မြို့နယ် ညောင်ကိုင်းရွာ၊ မြိုင်မြို့နယ် ကိုင်းကံကျေးရွာ၊ ဂန့်ဂေါမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဆောမြို့နယ်သီရိရပ်ကွက်၊ စေတုတ္တရာမြို့နယ်ခဲပြစ်ရွာမှ ပြည်သူများသို့ စုစုပေါင်းရေဂါလန်(၈၉၀၀)ခန့်ကို ပေးဝေလှူဒါန်းခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်၊ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေပေးဝေခြင်းလုပ်ငန်းအား မီသတ်တပ်ဖွဲ့ရေသယ်ယာဉ်များဖြင့် အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် လိုအပ်ပါက ဖုန်နံပါတ် ၀၆၃- ၂၃၂၃၁ / ၀၆၃-၂၅၀၄၇ ၀၉-၇၉၉၂၂၃၃၆၈ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း သိရှိရသည်။
ညိုညိုဝင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment