Monday, April 6, 2015


သရက် ဧပြီ ၆
    မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီ ရေရှားပါး ပြတ်လပ်မှု့ ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးတိုးတက်ရေး ဦးစီးဌာနမှူး ခေါင်းဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက်(၉)နာရီက အုန်းပင်လှ ၊စခန်းကြီး၊ ပိတောက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် စစ်ဆေးခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၀န်ထမ်းတစ်ဦးထံက သိရသည်။
    `အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရှေ့ဦးစွာ အုန်းပင်လှ ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရှေဦးစွာ အုန်းပင်လှ ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက် စစ်ဆေးဆောင်  ရွက်ရာတွင် အိမ်ခြေ(၅၅)အိမ် ၊ လူဦးရေ(၁၇၀)တို့မှ အုပ်စီရေတွင်း(၃)တွင်း ၊မြေသားရေကန် (၁)ကန်တို့မှ ရေများကို လုံလောက်စွာ သုံးစွဲဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် စခန်းကြီးကျေးရွာသို့ ဆက်လက်စစ်ဆေးဆောင်ရွက်ရာ အိမ်ခြေ(၁၂၆)အိမ်၊လူဦးရေ (၅၅၃)ဦး တို့မှ ကျေးရွာအတွင်းရှိ အုတ်စီရေတွင်း(၁)တွင်း ၊မြေသားရေကန်(၂)ကန် ၊လက်ဆွဲခပ် ခွက်ဖြင့်ခပ်သည့် တွင်းတိမ်(၉)တွင်း၊စက်ရေတွင်း(၁) တွင်းတို့မှ ရေများကို လုံလောက်စွာ သုံးစွဲလျှက်ရှိပြီး ရေပြတ်လပ်မှု့ မရှိကြောင်း တွေ့ရှိခဲ့သည်။
    ယင်းနောက် ပိတောက်ပင်ကျေးရွာသို့ သွားရောက် ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာ အတွင်းရှိ လက်တူးတွင်း(၄)တွင်း၊လက်ဆွဲခပ်ခွတ်ဖြင့် ခတ်သော တွင်းတိမ်(၁၆)တွင်း၊စက်ရေတွင်း(၁)တွင်း တို့မှ ရေများကို ကျေးရွာအတွင်း အိမ်ခြေ(၂၂၇)အိမ်၊ ရှိ လူဦးရေ(၉၁၅)ဦးတို့မှ ရေများ ကို ရယူသုံးစွဲလျက်ရှိပြီး ရေပြတ်လပ်မှု့မရှိ ကြောင်း သိရသည်။
            

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video