၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မိကျောင်းရဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မကွေး-တောင်တွင်းကြီးကားလမ်း မိုင်တိုင်အမှတ် (၃ဝ၅/ဝ)နှင့် (၃ဝ၅/၁)အကြား၊ ကန်နီကျေးရွာအနီးတွင် သုံးဘီးဆိုင်ကယ်တစ်စီး လမ်းဘေး သစ်ပင်အား ဝင်ရောက်တိုက်မိကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားရွာနေ ကျော်ဇေယျာထွန်း(၂၆) နှစ်သည် ၅ဟ/xxxx အပြာရောင်သုံးဘီးဆိုင်ကယ်ယာဉ်တွင် တစ်ရွာတည်းနေ ဇော်မင်းအောင်(၄၃)နှစ်နှင့် အောင်သန်းဦး (၂၆)နှစ်တို့အား တင်ဆောင်လျှက် တောင်တွင်းကြီးမြို့မှ မကွေးမြို့ဘက်သို့ မောင်းနှင်လာစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ရှားပင်အားဝင်ရောက်တိုက်မိရာ ၎င်းတို့ ၃ ဦးစလုံးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သုံးဘီးဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကျော်ဇေယျာထွန်းအား မကွေး မြို့နယ်၊ မိကျောင်းရဲနယ်မြေရဲစခန်း ယာဉ်(ပ)၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment