ပွင့်ဖြူ ဧပြီ ၂
မကွေးတိုင်းဒေသကြီး ပွင်ဖြူမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေး နှစ်တွင်ဆောင်ရွက်သည့် သန့်စင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို
မတ် ၂၇ ရက်နေ့နံနက် ၈နာရီက အဆိုပါလမ်းပေါ်ရှိမုခ်ဦးရှေ့တွင်ကျင့်ပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာထွန်းထွန်းမှ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြောကြားပြီး သန့်စင်လမ်းတစ်ဖက် ၆ ပေစီလမ်းချဲ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းမှရှင်းလင်းတင်ပြကာသန့်စင်လမ်းခင်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူတစ်ဦးမှ
ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက်ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ဦးဆွေ၊စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါက်တာထွန်းထွန်း
၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးဖိုးပါ၊ စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိဦးမျိုးဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် ကြွရောက်လာသည့် ဧည့်သည်တော်များမှ သန့်စင်လမ်း ကတ္တရာခင်းဆောင်ရွက်ထားမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အောင်သူရ(ပွင့်ဖြူ)
Thursday, April 2, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment