၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ညနေ (၅) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူ မြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မိုင်တိုင်အမှတ် (၃၅၉/၂)နှင့် (၃၅၉/၃)အကြား၊ ထွန်ကျေးရွာ အနီးတွင် ယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ကလောမြို့၊ အမှတ် (၉) ရပ်ကွက်နေ မျိုးအောင် (၄၃)နှစ်သည် ယာဉ်အမှတ် YGN 9D/xxxx ၊ PROBOX အဖြူရောင်ယာဉ်ပေါ်တွင် တစ်ရပ်ကွက်တည်းနေ ဆွေမျိုးများဖြစ်သော ဒေါ်သီတာ (၄ဝ)နှစ်ပါ ကျား ၁ ဦး၊ မ ၅ ဦးအား တင်ဆောင်မောင်းနှင်၍ ရွှေစက်တော်ဘုရားဖူးရန် ကလောမြို့မှ ထွက်ခွာလာရာ ပေါက်မြို့နယ်ဘက်မှ ဆိပ်ဖြူမြို့နယ်ဘက်သို့ ပုသိမ်-မုံရွာ ကားလမ်း အတိုင်း မောင်းနှင် လာစဉ် မိုင်တိုင်အမှတ် (၃၅၉/၂)နှင့် (၃၅၉/၃)အကြား၊ ထွန်ကျေးရွာအနီးတွင် ကား၏ ဝဲဘက်နောက် ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ လဲကျတိမ်းမှောက် ခဲ့ရာ ယာဉ်မောင်း မျိုးအောင် (၄၃)နှစ် အပါအဝင် ကျား ၂ ဦး၊ မ ၅ ဦး၊ ပေါင်း ၇ ဦး တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ မျိုးအောင်အား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်း ယာဉ်(ပ) ၇/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment