Friday, April 24, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နေ့လယ်(၁၂း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဆော-ဆိပ်ဖြူ ကားလမ်းပေါ်တွင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ဆော-ဆိပ်ဖြူကားလမ်းအတိုင်း ဆိပ်ဖြူမြို့နယ်၊ ပိုင်းကျေးရွာနေသူ ချစ်စန်းဦး (၂၃) နှစ် မောင်းနှင်သော 7A/xxxx T2000 အပြာရောင်ယာဉ်ပေါ်တွင် ပိုင်းကျေးရွာနေသူ ခရီးသည် (၁၅)ဦး လိုက်ပါလျက် ပိုင်းကျေးရွာဘက်မှ ဆိပ်ဖြူမြို့ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၃၁/၃)နှင့် (၃၁/၄) အကြား၊ ကဇွန်းမကျေးရွာ အ၀င်လမ်း ကုန်းအတက်တွင် မတက်နိုင်၍ကား မှာ နောက် သို့ လျောကျပြီး လမ်းဝဲဘက်ဘေးသို့ လဲကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ (၁၅)ဦး အနက်မှ ကဇွန်းမကျေးရွာနေသူ ဒေါ်မိုးနွယ် (၄၇) နှစ်မှာ ရင်ညွန့်ပွန်းခြစ်ဒဏ်ရာရရှိ သေဆုံးသွားခဲ့ပြီး ဦးမောင်ဝင်း (၄၅) နှစ် အပါအ၀င် ကျား(၂)ဦး၊ မ(၄)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ချစ်စန်းဦးအား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေ ရဲစခန်းယာဉ် (ပ)၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ /၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video