၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည (၈း၅၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက် အရ ပုသိမ်-မုံရွာကားလမ်းအတိုင်း ကဇွန်းမကျေးရွာနေသူ မင်းအောင်(၂၄)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ယာဉ်နောက်လိုက် မြင့်နိုင်(၃၈) နှစ် လိုက်ပါလာသော မ/xxxx၊ ဟီးနိုး (၆)ဘီးယာဉ် သည် ဆိပ်ဖြူမြို့ဘက်မှ သံချောင်းကျေးရွာဘက်သို့ မောင်းနှင်လာစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ၀ဲဘက် ခြမ်းသို့ လဲကျတိမ်းမှောက်ပြီး မင်းအောင်မှာ ကားခေါင်းဖြင့် ပိ၍ ခါးဆစ်ရိုး ပြုတ်ဒဏ် ရာ၊ မေးစေ့ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဉ်နောက်လိုက် မြင့်ဇော် တွင် ဦးခေါင်းယာဘက်ထိပ် ပွန်းဒဏ်ရာ၊ မေးစေ့ပေါက်ပြဲ ဒဏ်ရာ၊ ၀ဲနာသွေးထွက်ဒဏ်ရာ (စိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းအောင်အား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈/ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment