Friday, April 24, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နံနက် (၁၁း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အမှတ်(၄) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်ထိန်းရုံး၌ တာဝန်မှူး တာဝန် ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ မကွေး-နတ်မောက် လမ်းအတိုင်း ကန်ပြားရွာဘက်မှ မကွေးမြို့တွင်းသို့ မြို့သစ် မြို့နယ်၊ သားမျှားကျေးရွာနေသူ ယာဉ်မောင်း ထွန်းထွန်းထိုက်(၃၇) နှစ်မောင်းနှင်သော ၄က/xxxx၊ ကန်တာ အဖြူရောင်ယာဉ် နတ်မောက်လမ်းနှင့် ရွာသစ်ပွဲကြို(၁၅)လမ်းထောင့် အရောက်တွင် (၁၅)လမ်းအတိုင်း သိင်္ဂါရပ်ကွက်ဘက်မှ ရွာသစ်ပွဲကြိုရပ်ကွက်ဘက်သို့ သိင်္ဂါရပ်ကွက်နေသူ ကျော်စိုးလွင် (၂၈) နှစ် မောင်းနှင်သော ၀မ်ဘို-၁၂၅ ခဲရောင်ဆိုင်ကယ်မှာ နတ်မောက် လမ်းပေါ်သို့ ရုတ်တရက် ဖြတ်ကူးမောင်းနှင်စဉ် ကား၏ယာဘက်ဘန်ကာအား ၀င်ရောက်တိုက်မိခဲ့၍ ကျော်စိုးလွင်တွင် ယာမျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ ၀ဲတံတောင်/ယာခြေကျင်းဝတ် ပွန်းဒဏ်ရာ၊ သတိလစ် (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ကျော်စိုးလွင် အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video