Friday, April 24, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ နေ့လယ်(၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တက်ပုအောင်းရွာနေ ဦးဝင်းမြင့်၏နေအိမ်တွင် တစ်ရွာတည်းနေ စိုးဝင်း (၄၆)နှစ်နှင့် သန်းအေး(၄၀)နှစ် တို့နှစ်ဦးမှာ အရက်အတူသောက်စားကြရာမှ အရက်မူးကာ စကားများ ရန်ဖြစ်ကြစဉ် သန်းအေးမှ အသင့်ပါလာသော အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် စိုးဝင်းအား ထိုးရာ စိုးဝင်းမှာ ကျောပြင်ယာဘက်ခြမ်း ထိုးသွင်းဒဏ်ရာ၊ ၀ဲ/ယာရင်အုံ ထိုးသွင်း ဒဏ်ရာ၊ ယာပေါင်ပြတ်ရှ ဒဏ်ရာနှင့် ၀ဲဂျိုင်းအောက် ထိုးသွင်းဒဏ်ရာတို့ ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံး သွားသဖြင့် သန်းအေး အား အရေးယူပေးရန် ၂၃.၄.၂၀၁၅ ရက်နေ့တွင် စိုးဝင်း၏ အစ်ကိုဖြစ်သူ အောင်သိန်း(၄၃)နှစ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်းနယ်မြေ ရဲစခန်း (ပ)၁၁/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video