၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက် (၉) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ ၊ အောင်မေတ္တာ(ဘီ)ရပ်ကွက်နေ ဦးကျော်သိန်းဝင်း(၄ဝ)နှစ်သည် ပေါက်မြို့နေ အဖိုးဖြစ်သူကွယ်လွန် သွား၍ နေအိမ်အားသော့ပိတ်ပြီးခရီးသွားခဲ့ရာ ၁၁.၃.၂ဝ၁၅ ရက်နေ့ ၁၂ဝဝ အချိန် နေအိမ်သို့ ပြန် လည် ရောက်ရှိစဉ် နေအိမ်အနောက်ဘက် ပြူတင်းပေါက်တံခါးပွင့်နေပြီး နေအိမ်ဘီရိုအတွင်းမှ Acer တံဆိပ် ပါ Laptop (၁)လုံး၊ Mouse (၁) ခု၊ ကွန်ပျူတာအားသွင်းကြိုး(၁)ချောင်း၊ တန်ဘိုး-၃၂ဝဝဝဝိ/ -ပျောက် ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ရပ်ကွက်အတွင်း လိုက်လံစုံစမ်းခဲ့ကြောင်း သိရှိရသည်။
အောင်မေတ္တာ(ဘီ)ရပ်ကွက်နေ ကောင်းမြတ်တိုး (ခ)ငပြူး၊ ၁၆နှစ်မှ လွန်ခဲ့သော (၁ဝ) ရက်ခန့်က Laptop (၁)လုံးအား အောင်မေတ္တာရပ်ကွက်နေ မပပ(ခ)ဝင်းပပ၊ ၃၈နှစ်ထံ ငွေ၂ဝ၀ဝဝဝိ/-ဖြင့် ရောင်းချ ထားကြောင်း သိရှိရသဖြင့် ကောင်းမြတ်တိုး(ခ)ငပြူးအား အရေးယူပေးရန် ၂ဝ.၃.၂ဝ၁၅ ရက်နေ့တွင် ဦး ကျော်သိန်းဝင်းမှတရားလိုပြုလုပ်တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၇၂/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment