Sunday, March 22, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ည (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ် မြို့နယ်၊ ပုတီးကုန်းကျေးရွာနေ ဦးဝင်းလှိုင် (၅၂)နှစ်သည် ၄င်း၏နေအိမ်အောက်ရှိ ကွပ်ပျစ် ပေါ်တွင် တစ်ဦး တည်းထိုင်နေစဉ် တစ်ရွာတည်းနေ ထွန်းထွန်း(၃၉)နှစ်မှ အရှည်(၅)တောင်ခန့်၊ အသွား(၆)လက်မခန့်ရှိ ဝါးရိုးတပ်မှိန်းဆူး(၁)ချောင်းအား ကိုင်ဆောင်ကာ နေအိမ်ဝိုင်းအတွင်းသို့ ရောက်ရှိလာပြီး ယခင်နေ့ညက ၄င်း၏ဆိုင်ကယ်အား တွန်းလှဲသည့်ကိစ္စနှင့်ပတ်သက်၍ ၎င်းမှ တွန်း လှဲခဲ့သည်ဟုထင်၍ စကားပြောဆိုခြင်း မရှိဘဲ ဦးဝင်းလှိုင်အား မှိန်းဆူးဖြင့်ထိုးခဲ့ရာ ဦးဝင်းလှိုင်၏ ယာခြေ သလုံးတွင် အကျယ်(၁)လက်မခန့်၊ အနက်(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့ ကြောင်း သတင်းရရှိပါသည်။

 နေအိမ်ဝိုင်းအတွင်းဝင်ရောက်ပြီး မှိန်းဆူးဖြင့်ထိုးသူ ထွန်းထွန်းအား အရေးယူပေးရန် ၂ဝ.၃.၂ဝ၁၅ ရက်နေ့တွင် ဦးဝင်းလှိုင်မှတရားလို ပြုလုပ်တိုင်တန်းသဖြင့် မြို့သစ်မြို့နယ်၊မြို့မရဲစခန်း (ပ)၂၈/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video