၂ဝ၁၅ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ဆင်ပေါင်ဝဲမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃ဝ မိနစ်အချိန် မီးငြိမ်းသွား ခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ အောင်ကိုလတ်(၂၇)နှစ်သည် နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ပြီး အိပ်ပျော်နေစဉ် ပေါင်းအိုးအပူရှိန်လွန်ကဲရာမှတစ်ဆင့် မီးလောင် မှုဖြစ်ပွားကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် အောင်ကိုလတ်နှင့် ဇနီးဖြစ်သူ မလွင်မာဦး (၂၂)နှစ်တို့တွင် မီးလောင်ဒဏ်ရာများရရှိကာ ၃ပင်x၂ပင်၊ (သက္ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း)နေအိမ် (၁)လုံး မီးလောင် ဆုံးရှုံး သွားသောကြောင့် အောင်ကိုလတ်အား ဆင်ပေါင်ဝဲမြို့မရဲစခန်း (ပ)၁၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment