၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နံနက် (၉) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာနေသူ ဦးတင်စိုး (၄၈)နှစ်သည် ဘုန်းကြီးကျောင်းသို့ ရေစက် မောင်းရန် ရောက်ရှိစဉ် ၄င်းအိမ်အနီးရှိ ဆိုလာမီးတိုင်မီးသီး ပျောက်ဆုံးနေကြောင်း ကိုရင်ကြီး၏ ပြောပြချက်အရ သွားရောက် ကြည့်ရှုခဲ့ရာ ကြာကန်ရွာသူ/သားများ မီးလင်းရေးကော်မတီ ဖွဲ့စည်း၍ မီးတိုင်(၁)တိုင်လျှင် (၁၃၀၀၀၀ိ/-) နှုန်းဖြင့် စုစုပေါင်းတန်ဘိုး (၅၄၆၀၀၀၀ိ/-) အကုန်ကျ ခံကာ ပြုလုပ်ထားသည့် ကျေးရွာပိုင် ဆိုလာမီးတိုင် (၄၂)တိုင်အနက် ဦးတင်စိုး၏နေအိမ်အနီး မကွေး-နတ်မောက် ကားလမ်းဘေးတွင် စိုက်ထူထားသော မီးတိုင်အထက်ပိုင်းတွင် သံပုံးထဲထည့်၍ သော့ခတ် ထားသည့် ဆိုလာ ဘတ္ထရီအိုး (၁)လုံး (တန်ဘိုး ၂၆၀၀၀ိ/-)၊ မီးသီး(၁)လုံး (တန်ဘိုး ၆၅၀၀ိ/-)၊ ကွန်ထရိုလာ(၁)ခု (တန်ဘိုး ၁၆၅၀၀ိ/-)၊ စုစုပေါင်းတန်ဘိုး (၄၉၀၀၀ိ/-)ခန့်မှာ ပျောက်ဆုံးနေသည်ကို သိရှိရကြောင်း၊
ဆက်လက်စုံစမ်းရာ ကြာကန်ကျေးရွာနေသူများ ဖြစ်သော ဝေဖြိုးသန့် (၁၈)နှစ် ၊ ထွန်းအောင် (၁၈)နှစ်နှင့် ကျော်စိုးဝင်း (၁၈)နှစ်တို့ (၃)ဦးမှ အရက်မူးပြီး ခိုးယူခဲ့ခြင်း ဖြစ်သည်ကို သိရှိရ သဖြင့် ဝေဖြိုးသန့်ပါ (၃)ဦးအား အရေးယူပေးရန် ၂၁.၃.၂၀၁၅ ရက်နေ့တွင် ဦးတင်စိုးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေ ရဲစခန်း(ပ)၅/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက် ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment