Sunday, March 22, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ညနေ (၄း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်-နေပြည်တော် ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း၊
စစ်ဆေးချက်အရ မြို့သစ်-နေပြည်တော် ကားလမ်းအတိုင်း မြို့သစ်မှ ကံပြားကျေးရွာသို့ ပျဉ်းမနား မြို့၊ ရွှေကျင်ရပ်ကွက် နေသူ မင်းသူ (၃၈)နှစ် မောင်းနှင်လာသည့် ၉င/xxxx SURF နက်ပြာရောင် ယာဉ် သည် မိုင်တိုင်အမှတ် ၆၅/၃ အရောက်တွင် လမ်းပြင်နေကြသည့် မြို့သစ်မြို့နယ်၊ သီးပင် ကျေးရွာနေသူ များ ဖြစ်ကြသော ဌေးမင်း(၄၂)နှစ်၊ ကျော်ဝင်းထွန်း (၂၇)နှစ်နှင့် မျိုးကို (၁၇)နှစ် တို့အား အရှိန်မထိန်းနိုင် ဘဲ နောက်မှဝင်ရောက်တိုက်မိသဖြင့် ဌေးမင်းမှာ ၀ဲနားထင်/မေးစေ့/ ယာလက်မောင်း/ ယာပေါင်/ယာခြေ ဖမိုး ပေါက်ပြဲဒဏ်ရာများ ရရှိသေဆုံးသွားခဲ့ပြီး၊ ကျော်ဝင်းထွန်းနှင့် မျိုးကို တို့တွင် အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။ 
ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းသူအား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video