Sunday, March 22, 2015

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၃း၄၀ အချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်၊ ရှမ်းကိုင်းအုပ်စု၊ အောင်းပေါက် ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပါသည်။

ဖြစ်စဉ်မှာ အောင်းပေါက်ကျေးရွာ နေသူ ဒေါ်ခင်စန်း(၆၃)နှစ် သည် နံနက် ၃း၃၅ အချိန် အိပ်ယာမှ ထပြီး နေအိမ်ထရံ ဘေးတွင် ကပ်၍ ထွန်းထားခဲ့သော ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ရာ ရွာသူ/သား (၈၀)ဦးခန့်တို့မှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့၍ အခြားအိမ်များသို့ မီးကူးစက် လောင်ကျွမ်းခြင်းမရှိဘဲ ၀၃၄၀ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်ခင်စန်း၏ (၃)ပင် ပတ်လည် သက္ကယ်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း နေအိမ် (၁)လုံး (တန်ဘိုး ၁၅၀၀၀ိ/- ခန့်) ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ရာသို့ မြို့မရဲစခန်းမှူး ဦးစီး ရဲတပ်ဖွဲ့ဝင်(၇)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီး မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်ခဲ့ကြောင်း သိရှိပါသည်။ 
မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ခင်စန်းအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၇၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video