၂၀၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နေလယ် ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ချောက်-ဂွေးချို ကားလမ်းပေါ်တွင် ကားတစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ ချောက်-ဂွေးချို ကားလမ်းအတိုင်း ချောက်မြို့မှ တောင်သာကျေးရွာ သို့ တောင်သာ ကျေး ရွာနေသူ ယာဉ်မောင်း သိန်းမင်းမျိုး (၂၀)နှစ်သည် ၉ဌ/xxxxx ဖောကားအပြာရောင် ယာဉ်ပေါ်တွင် ခရီးသည်ကျား(၈)ဦး၊ မ(၉)ဦး၊ ပေါင်း(၁၇)ဦးနှင့် ဆန်၊ ၀ါးများ တင်ဆောင်၍ မောင်းနှင် လာစဉ် မိုင်တိုင်အမှတ် ၄၀၂/၂ နှင့် ၄၀၂/၃ ကြား အရောက်တွင် ကားစက်ခေါင်းအတွင်းမှ ၀ါယာရှော့ ဖြစ်ကာ မီးလောင်သဖြင့် အနီးပတ်ဝန်ကျင်ရှိ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နေ့လယ် ၂း၀၂ အချိန် မီးငြိမ်းခဲ့ကြောင်း၊
မီးလောင်မှုကြောင့် ၀ါယာလိုင်းများနှင့် ရေပိုက်ပျော့ (တန်ဘိုး ၁၅၀၀၀ိ/-ခန့်) ဆုံးရှုံးခဲ့ပြီး၊ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ တောင်သာကျေးရွာနေသူ ဒေါ်ဒေါင်းရွှေ (၆၀)နှစ် မှာ ကားပေါ်မှ ခုန်ဆင်းခဲ့ သဖြင့် ဒေါ်ဒေါင်းရွှေတွင် ၀ဲခြေကျင်းဝတ် နာကျင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

0 comments:
Post a Comment