၂၀၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၁၀း၁၅ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ကျောက်ပန်းတောင်း ရွာ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ဆေးချက်အရ ကျောက်ပန်းတောင်းကျေးရွာနေသူ မမိကျန်(ခ)မတင်တင်ယု (၄၇)နှစ် သည် နံနက် ၉ နာရီခွဲအချိန်ခန့်က ဘုရားစင်၌ ဖယောင်းတိုင်မီး ပူဇော်ကာ ရွာတောင်ဘက် (၁)မိုင်ခန့်အကွာရှိ ဦးကိုရေး၏ မက်ပဲခင်းသို့ ပဲနှုတ်အငှားလိုက်ရန် သမီးဖြစ်သူ မအေးအေးအောင်နှင့်အတူ သွားရောက် ခဲ့ရာ ၁၀း၁၅ အချိန်ခန့်တွင် ၄င်း၏ နေအိမ်အား ဖယောင်းတိုင်မီးမှ တစ်ဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့၍ ရွာသူ/သားများမှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁၀း၄၅ အချိန်မီးငြိမ်းခဲ့ကြောင်း၊

မီးလောင်မှုကြောင့် မမိကျန်(ခ) မတင်တင်ယူ၏ (၃)ပင်ပတ်လည် မြေစိုက်၊ သက္ကယ်မိုး၊ ၀ါးထရံကာ၊ ပျဉ်ခင်း နေအိမ် (၁)လုံး (တန်ဘိုး ၂၀၀၀၀ိ/-)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊

0 comments:
Post a Comment