၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ညနေ ၄း၃၀ အချိန်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဦးမေဃ ဘုန်းကြီးကျောင်း ၀ိုင်းအတွင်း၌ ယာဉ်တစ်စီး မီးလောင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်နေသူ ယာဉ်မောင်း မျိုးကိုကို (၂၁)နှစ် သည် ၆င/xxxxx လိုက်ထရပ်စ် ခဲရောင်(၆)ဘီး မော်တော်ယာဉ်အား နေပူတွင် ကြာမြင့်စွာ ရပ်ထားရာ သော့အုံ အတွင်းမှ ၀ါယာကြိုးများ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့သဖြင့် မီးလောင်ရာသို့ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး ပါရဲတပ်ဖွဲ့ဝင် (၁၀)ဦး၊ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ပါမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ မီးသတ်ယာဉ် (၁)စီး၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၆၃၂ အချိန် မီးငြိမ်းခဲ့ပြီး တန်ဘိုး(၇၀၀၀ိ/-)ခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း၊

0 comments:
Post a Comment