Saturday, March 21, 2015

ကျောက်ထု မတ် ၁၉
   ဂန့်ဂေါခရိုင် ကျောက်ထုမြို့ လေယာဉ်ကွင်းတည်ဆောက်ရာတွင် မြေပါသွားသည့် တောင်သူများသို့
 မြေလျှော်ကြေးငွေပေးအပ်ပွဲကိုမတ်၁၆ရက်က ဆောမြို့နယ် ကျောက်ထုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဖေက အမှာစကားပြောကြားသည်။
ထို့နောက်ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကျောက်ထု
 လေယာဉ်ကွင်းတည်ဆောက်ရာတွင်ပါသွားသည့် လယ်မြေ ၂၆၂ ဒသမ ၁၄ ဧကနှင့် ယာမြေ ၆၆ ဒသမ ၀၇ ဧကတို့အတွက် လျှော်ကြေးငွေကျပ် ၈၅၂ ဒသမ ၄၉ သန်းကို ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က တောင်သူ ၁၉၈ ဦးထံ ပေးအပ်သည်။           အဆိုပါ ကျောက်ထုလေယာဉ်ကွင်းကို ၂၀၀၂ ခုနှစ်က ပြေးလမ်းအရှည် ပေ ၁၀၀၀၀ ရှိ လေယာဉ်ကွင်း အဖြစ် တည်ဆောက်ခဲ့ရာ လေယာဉ်ကွင်းတည်ဆောက်ရာတွင် မြေပါသွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးငွေကို ကာလပေါက်ဈေးဖြင့် သတ်မှတ်ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် လယ်တစ်ဧကလျှင် ငွေကျပ် သိန်း ၃၀ ဖြင့်လည်းကောင်း၊ ယာ တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းဖြင့်လည်းကောင်း လျှော်ကြေးငွေများ အသီးသီးပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video