Thursday, March 26, 2015

 ငဖဲ      မတ်     ၂၄
    မကွေးတိုင်းဒေသကြီး သမ၀ါယမဦးစီးဌာန၏ ကြီးကြပ်လမ်း ညွှန်မှုဖြင့် ငဖဲမြို့နယ် သာယာကုန်းကျေးရွာတွင် ယနေ့နံနက်က အောင်ဇမူလယ်ယာနှင့်အထွေထွေစီးပွားရေး သမ၀ါယမအသင်းမှ အသင်းသားများပြည်သူများ စိုက်ပျိုးရေးကဏ္ဍတွင်ထုတ်လုပ်မှု မြှင့်တင် နိုင်ရေးအတွက် ကိုရီးယား နိုင်ငံ( DAEDONG )ဒေဒေါင်းကုမဏီမှ လယ်ယာသုံး စက်ကိရိယာ များကို အရစ်ကျစနစ်ဖြင့် ပံ့ပိုးရောင်းချပေးလျက်ရှိကြောင်းသိရသည်။
    ထိုသို့ရောင်းချပေးရာတွင် ( DAEDONG )ဒေဒေါင်းကုမဏီတာဝန်ရှိသူများမှဒေသခံ
 တောင်သူများအားတွေ့ဆုံပြီး စက်ပစ္စည်းဝယ်ယူမှုနှင့်ပတ်သက်၍ စတင်ဝယ်ယူသည့်နေ့တွင် စက်ပစ္စည်းတန်ဘိုး၏(၁၀%)ပေးသွင်းရမည်ဖြစ်ပြီး (၁)နှစ်ပြည့်သည့်နေ့တွင်တန်ဘိုး၏(၅%)နှင့် စက်ပစ္စည်းတန်ဘိုး၏(၉၀%)အပေါ် တစ်နှစ်အတွက်အတိုးပေးသွင်းရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
    ထို့နောက် အဆိုပါကျေးရွာ အောင်ဇမူလယ်ယာနှင့်အထွေထွေစီးပွာရေးသမ၀ါယမ အသင်း အသင်းသား ဦးထွန်းလွင်မှ( 60 HP  Tractor ) တစ်စီးကိုဝယ်ယူခဲ့ရာအသင်းသား
 တောင်သူများအားလက်တွေ့ထွန်ယက်သရုပ်ပြသခဲ့ရာ အသင်းသားတောင်သူများ စိတ်ပါဝင် စားစွာကြည့်ရှုလေ့လာခဲ့ပြီး မိမိတို့လယ်ယာမြေတွင်အသုံပြုနိုင်မည့် စက်ကိရိယာထွန်စက်များ ၀ယ်ယူရန်စိတ်အားထက်သန်လျက်ရှိသည်။ ဦးထွန်းလွင်ဝယ်ယူသည့် မြင်းကောင်ရေ(60) လယ်ထွန်စက်မှာတန်ဘိုးအားဖြင့်ကျပ်(၂၄၂၁၆၀၀၀/ိ-)ဖြစ်၍ ကျပ်သိန်း(၂၀၀)နှင့် အထက်ဖြစ် သောကြောင့် ၀ယ်ယူသည့်နေ့မှ(၇)နှစ်အတွင်း အပြေအကြေ ပေးဆပ်ရမည်ဖြစ်သည်။
    ငဖဲမြို့နယ် သမ၀ါယမဦးစီးဌာနနှင့် မြို့နယ်သမ၀ါယမအသင်းစုအနေဖြင့် မိမိတို့မြို့နယ် အတွင်းရှိအသင်းသား တောင်သူများကျယ်ပြန့်စွာသိရှိနားလည်အသုံးပြုနိင်စေရန် သရုပ်ပြပွဲများ  ဆက်လက်ကျင်းပ၍ စည်းရုံးဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video