သရက် မတ် ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လည်(၂) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာရုံး အစည်းအဝေးခမ်းမအတွင်းကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရှေ့ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က လူ့အခွင့်ရေးဆိုင်ရာ အနှစ်သာရနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအား ရှင်းလင်းပေးပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်က ကမ္ဘာ့လူ့အခွင့်အရေး ကြေငြာစာတမ်းပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီးတက်ရောက်လာသူများက
မေးခွန်းများ မေးမြန်းမှု့ အပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ဇော်ထက်(သရက်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment