Thursday, March 26, 2015

အောင်လံ မတ်၂၅
    မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး အကြောင်း    သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉း၃၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပခဲ့သည်။
    ယင်းရှင်းလင်းဆွေးနွေးပွဲတွင် ရှေ့ဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ   ဦးစစ်မြိုင်မှ လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရများ ရှင်းလင်းပြောကြားပြိး ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်က ကမ္ဘာ့လူ့အခွင့်အရေး ကြေငြာစာတမ်းပါ ပြဌာန်းချက်  များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
    ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်မြမြက မြန်မာနိုင်ငံ အမျိုးသား   လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအသီးသီးမှ သိလိုသည်များ မေးမြန်းရာ ပြန်လည်ဖြေကြား  ပေးခဲ့ကြောင်းသိရသည်။
                                                                                                              မြို့နယ် ပြန်/ဆက်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video