Thursday, March 26, 2015
2:44 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မတ် ၂၄
မကွေးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကုန်သွယ်မှု မြှင့်တင်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ကျေးလက်ဒေသအသေးစားထုတ်ကုန်များနှင့် ပြည်ပတင်ပို့ရန်အလား
အလာရှိသော ထုတ်ကုန်များ ကုန်စည်ပြပွဲကို ယနေ့နံနက်က မကွေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည်။
ကုန်စည်ပြပွဲမုဒ်ဦးကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြင့်နိုင်၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းဆိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကုန်စည်ပြပွဲခန်းမများအား လိုက်လံကြည်ရှုခဲ့ပါသည်။
ဆက်လက်ပြီး အသိပညာပေးဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြင့်နိုင်ကအမှာစကားပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ကုန်သွယ်မှုမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ကုန်သွယ်မှုမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ရာ အာဆီယံစီးပွားရေးအသိုက်အ၀န်း၊ အခွင့်အလမ်းစိန်ခေါ်မှုများခေါင်းစဉ်ဖြင့်လည်းကောင်း၊ယှဉ်ပြိုင်မှု မူဝါဒနှင့် ဥပဒေအကြောင်းဖြင့်လည်းကောင်း၊ ကုန်သွယ်မှုနှင့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးအကြောင်းများဖြင့်
ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက် များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ခင်မာလာ(မကွေး)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment