Thursday, March 26, 2015

မကွေး    မတ်    ၂၃
    မကွေးတိုင်းဒေသကြီးအတွင်း လမ်းတံတားအသုံးပြုခဂိတ်များ မဲစနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက်(၈)နာရီက မကွေးတိုင်းဒေသကြီး ပြည်သူ့ဆောက်လုပ်ရေးရုံးတွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဖေ တက်ရောက် အမှာစကား ပြောကြားသည်။အဆိုပါလေလံပွဲတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆောက်လုပ်ရေး တိုင်းအင်ဂျင်နီယာမှူးကြီး ဦးကျော်ကျော်က လမ်းတံတားဂိတ်များအားမဲစနစ်ဖြင့် လေလံလုပ်ကိုင်ခွင့်ပေးမည့် အစီအစဉ်များနှင့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
 မကွေးတိုင်းဒေသကြီးအတွင်းရှိခရိုင်(၅)ခရိုင်အတွင်းရှိလမ်းဂိတ်(၁၈)ဂိတ်နှင့်တံတားဂိတ် ပေါင်း(၁၁)ဂိတ်
စုစုပေါင်း(၂၉)ဂိတ်အား လေံပါဝင်ယှဉ်ပြိုင်ခဲ့သူ (၄၃၂၀)ဦးရှိပြီး လေလံတန်ဖိုးစုစုပေါင်းမှာ ကျပ်သိန်း (၅၀၀၀)ကျော်ရှိကြောင်းသိရသည်။
                                                                                                             ညီညီမောင်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video