Thursday, March 26, 2015
ပခုက္ကူ   -   မတ်   -   ၂၆
    ၂၀၁၅ခုနှစ်၊ မတ်လ(၂၆)ရက်၊ နံနက်(၉)နာရီအချိန်၌ ပခုက္ကူဦးအုံးဖေစာကြည့်တိုက်တွင်ပခုက္ကူ
မြို့နယ်ပန်းချီပန်းပုအစည်းအရုံး ၏ ဒုတိယအကြိမ်ပန်းချီဆရာလူငယ်များ၏ဲတမာရနံဲ့ပန်းချီပြပွဲကို
မတ်လ(၂၆)ရက်နေ့မှ(၃၁)ရက်နေ့အထိ(၆)ရက်တိုင်တိုင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
    ဖွင့်ပွဲတွင်ပန်းချီအစည်းအရုံး၊ နာယကဦးကြည် ၊ပခုက္ကူဦးအုံးဖေစာကြည့်တိုက်အမှုဆောင်ဒေါက်တာ
သက်လွင် ၊ နှင့်ပန်းချီအစည်းအရုံး(ပခုက္ကူ)ဥက္ကဌဦးတင်လှိုင် တို့ကအမှာစကားပြောကြားကြပြီး ၊ အဆိုပါ
တမာရနံ့ ပန်းချီပြပွဲကိုပန်းချီအစည်းအရုံး(ပခုက္ကူ)ဥက္ကဌဦးတင်လှိုင် ၊ N0VA-Mobile ဖုန်းအရောင်းဆိုင်မှ
ဦးရဲထွဋ်  နှင့်ပခုက္ကူဦးအုံးဖေစာကြည့်တိုက်အမှုဆောင် ဒေါက်တာသက်လွင်  တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
သော်တာဝင်း သစ်သီးမျိုးစုံအရောင်းဆိုင် နှင့်ငွေမိုးဦးဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်များတို့အား
ဂုဏ်ပြုလက်ဆောင်များကိုပန်းချီအစည်းအရုံးဝင်များကပေးအပ်ကြပြီး၊တက်ရောက်လာသောဧည့်သည်တော်
များကပြခန်းရှိပခုက္ကူပန်းချီဆရာ(၂၁)ဦးရေးဆွဲပြသထားသောရေဆေးကား(၄၃)ချပ်၊ဘားခရိုင်းလစ်(၃၇)ချပ်နှင့်
ဧည့်သည်ပန်းချီကား(၃)ချပ်။စုစုပေါင်း(၈၃)ချပ်ကိုပြသထားရာမည်သူမဆိုဝင်ရောက်ကြည့်ရူလေ့လာနိုင်
ကြောင်းသိရသည်။ အောင်(မန်းတက္ကသိုလ်)
0 comments:
Post a Comment
Find Us on Facebook
Popular Posts
Video