Friday, March 27, 2015

မကွေးမြို့ ၊ ၂၀၁၅ ခုနှစ် ၊ မတ်လ ၂၆ ရက်
၂ဝ၁၅ မတ် ၂၆၁ဝဝဝ အချိန်မှ ၁၂၁၅ အချိန်အထိ မကွေးခရိုင်၊ မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ မကွေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဇော်ဌေးဦး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်သိန်း၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု(မကွေး)မှ ဒုရဲမှူး ညွန့်ဝင်း၊ မကွေးလူကုန်ကူးမှု တားဆီး ၊ နှိမ်နှင်းရေးတပ်ဖွဲ့စုမှ ရဲအုပ် ခင်နွေဝင်း၊ အမှတ်(၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(မကွေး)မှ ဒုရဲမှူးအောင်နိုင်မိုး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်(၁၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဖွံ့ဖြိုးရေး အထောက် အကူပြုကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ စုစုပေါင်း အင်အား (၂ဝဝ) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ မှုခင်းအသိပညာပေးဆွေးနွေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးကြိုတင်ကာကွယ်ရေး ပညာပေးဆွေးနွေးခြင်း၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု (မကွေး)မှ ဒုရဲမှူးညွန့်ဝင်းမှ ကာမစိတ်ကြွဆေးများ ရောင်းဝယ်သုံးစွဲမှုမရှိစေရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဆိုင်ရာ အသိ ပညာပေးဆွေးနွေးခြင်း၊ ရဲအုပ် ခင်နွေဝင်းမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း၊ ဒုရဲမှူး အောင်နိုင်မိုးမှ ယာဉ်/လမ်း စည်းကမ်း ဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်း စာစောင်များ အသီးသီးဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂။ ၂ဝ၁၅ မတ်၂၆ ဝ၉ဝဝ အချိန်မှ ၁ဝ၃ဝ အချိန်အထိ သရက်ခရိုင်၊ သရက်မြို့၊ ဈေးရပ်ကွက်၊ ဆုတောင်းပြည့် ဘုရားဝန်းအတွင်းတွင် သရက်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အုန်းဟန်ဦးမှ ဦးစီး၍ မှုခင်း ကျဆင်းရေးနှင့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ သရက်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အုန်းဟန်ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် (၂+၄) ဦး၊ ဈေးရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးမောင်မောင်ဦးနှင့် မြို့ပေါ်ရပ်မိ၊ရပ်ဖများ စုစုပေါင်း အင်အား (၅ဝ)ဦးခန့် တက်ရောက် ခဲ့ကြောင်းနှင့် အခမ်းအနားတွင် သရက်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် သရက်မြို့မရဲစခန်းမှူးတို့မှ မှုခင်းမဖြစ် ပွားစေရေး အသိပညာ ပေးဟောပြောခြင်းနှင့် ယာဉ်/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး တို့အတွက် အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video