၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် (၈) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ ဝန်ခြုံးကျေးရွာနေ မxxx(၂၁)နှစ်သည် နေအိမ်မှ ကျေးရွာအနီး ချောင်းဆုံတော တဲတိုက်ရှိ ဘကြီးတော်စပ်သူ ဦးကျော်ဆင့်၏တဲသို့ သွားရောက်ပြီး ၄င်းတဲမှ ညနေ (၄) နာရီခွဲအချိန် ချောင်း ထဲသို့ ရေခပ်ရန်သွားရောက်စဉ် ချောင်းစပ်အရောက်တွင် ပေါက်မြို့နယ်၊ ကျောက်ခွက်ရွာနေ ပန်းပဲ လုပ်ငန်းလုပ်ကိုင်သူ အောင်ရွှေ(၆ဝ)နှစ်မှ မ xxx အား ''မြင်မြင်ချင်းချစ်မိတယ် ငါ့မှာလည်း အုပ်ထိန်းသူ မရှိတာ''ဟုပြောဆိုပြီး ဖက်နမ်း၍ လမ်းဘေးခြုံစပ်၌ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့် ခဲ့ကြောင်း သတင်းရရှိသည်။
သားမယားအဖြစ် ပြုကျင့်သူ အောင်ရွှေ (၆၀)နှစ်အား အရေးယူပေးရန် ၂၆.၃.၂ဝ၁၅ ရက်နေ့တွင် မxxx (၂၁)နှစ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပေါက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၃၂/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment