Friday, March 27, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နံနက် (၀၀း၃၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကျောက်တဲကျေးရွာအနီး ဂဲကြီးကုန်းဂိတ်တွင် ရေနံမြေ လုံခြုံရေး ဆောင်ရွက်နေသည့် ဦးတူးတူးနှင့်အဖွဲ့မှ ချောက်မြို့နယ်၊ အုံမြှားရွာ(ရွာသစ်)နေ  အောင်မင်း (၃ဝ)နှစ် နှင့် ဇနီးဖြစ်သူ မငတောက်မ(၂၉)နှစ်တို့(၂)ဦးမှ ရေနံစိမ်းဟုယူဆရသော (၅)ဂါလံခန့်စီ အား ပလပ်စတစ်အိတ်အကြီးဖြင့်ထည့်ကာ ထိပ်မှစုစည်းပြီးနောက် ကျောပိုးအိတ် သဏ္ဍာန်ပြုလုပ်ထားသည့် ပီနံအိတ်အတွင်းထည့်လျှက် တစ်ဦးလျှင် တစ်အိတ်စီ သယ်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရာ ချောက်ရေနံမြေအတွင်းမှ ခိုးယူလာခဲ့သော ရေနံစိမ်းများဖြစ်ကြောင်း သိရှိရသည်။ 

လုံခြုံရေးအရာရှိ ဦးမြင့်ဇော်ဦး (၄၈)နှစ်ထံ သတင်းပို့ခဲ့၍ ရေနံစိမ်းများအား ခိုးယူသယ်ဆောင် လာသူ အောင်မင်းနှင့် မငတောက်မ တို့ ၂ ဦးအား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၅ဝ/၂ဝ၁၅၊ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video