၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ည (၁၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၊ ဒဟတ်ပင်ရေနံမှော်နေ နေလင်း(၄၂)နှစ်သည် လက်ဘက်ရည်ဆိုင်မှ နေအိမ်တဲသို့ ပြန်လာစဉ် တဲခေါင်မိုး အရှေ့ခြမ်းမှာ မီးလောင်နေသည်ကိုတွေ့ရှိရ၍ အနီးရှိလူများနှင့် ဝိုင်းဝန်း ငြိမ်းသတ်ရာ ည (၁၀း၀၅) အချိန် မီးငြိမ်းသွားပြီး မီးလောင်မှုကြောင့် နေလင်း၏ သက္ကယ်မိုး၊ သက္ကယ်ကာ၊ ဝါးခင်း(၂)ပင် တဲ၏အမိုးသက္ကယ်(၁ဝ)ချပ်၊ တန်ဘိုးငွေ(၁ဝဝဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
မီးရှို့သွားသူအား စုံစမ်းခဲ့ရာ ၂၅.၃.၂ဝ၁၅ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် နေလင်းထံသို့ အရက်ဖိုး လာတောင်းရာ မရသဖြင့် ''မင်းတို့ဘဝပျက်အောင်မီးရှို့ပစ်မည်''ဟု ဆဲဆို ကြိမ်းဝါးသွားသူ မင်းလှမြို့နယ်၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်နေ ခင်မောင်တင့် (၃၈)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၊ ၎င်းမှ တဲပေါ်သို့ မီးတုတ်ပစ်၍ ထွက်ပြေးသွားသည်ကို တဲနီးချင်းဖြစ်သူ ဖြိုးကျော်နိုင်မှ မြင်တွေ့ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဆဲဆိုကြိမ်းဝါးပြီး နေအိမ်တဲအား မီးရှို့သွားသူ ခင်မောင်တင့် (၃၈)နှစ်အား အရေးယူပေးရန် ၂၆.၃.၂ဝ၁၅ ရက်နေ့တွင် နေလင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၇/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၃၆/၂၉၄/၅ဝ၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment