Friday, March 27, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆော မြို့နယ် ၊ ငှက်ချောင်းကျေးရွာနေ ချမ်းသာ(ခ)ဥာဏ်မြင့်၊ ၃ဝနှစ်သည် ရွာခြံစည်းရိုးနှင့် ကပ်လျှက် ရှိသည့် ၄င်း၏မိခင် ဒေါ်စောမြိုင်ပိုင်(၁)ဧကအကျယ်ခန့်ရှိ ပဲခလောက်ခင်းအား အကြောင်းမဲ့မီးရှို့ ခဲ့ကြောင်း၊ မီးလောင်နေသည်ကို တွေ့မြင်သည့် ရွာသူ/သား (၁ဝဝ)ဦးခန့်မှ ဝိုင်းဝန်းမီးငြိမ်းသတ်နေစဉ် ''မီးကို မသတ်နဲ့၊ မီးသတ်တဲ့ကောင် သတ်ပစ်မယ်၊ ရွာကိုမီးနဲ့တိုက်ပစ်မယ် '' ဟု ကြိမ်းဝါး ပြောဆိုပြီး မီး မငြိမ်းစေရန် ကောက်ရိုးများယူဆောင်ကာ လောင်နေသော မီးပုံအတွင်း ပစ်ထည့်သဖြင့် မီးလောင် နေ သည့် ပဲခလောက်ခင်း တန်ဘိုး(၁၅ဝဝဝဝိ/-) ခန့်ဆုံးရှုံးသွားခဲ့ကြောုင်း သိရှိရသည်။ 

ပဲခလောက်ခင်းအား မီးရှို့ပြီး ရွာသူ/သားများအား ကြိမ်းဝါးပြောဆိုသူ ချမ်းသာ(ခ)ဥာဏ်မြင့်အား အရေး ယူပေးရန် ၂၆.၃.၂ဝ၁၅ ရက်နေ့တွင် ငှက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမင်း(၅၅)နှစ်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဆောမြို့နယ်၊ မြို့မရဲစခန်း(ပ)၂၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၅/၅ဝ၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video