Friday, March 27, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ မကွေး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ်(၉/၂ဝ၁၅)ဖြင့် မကွေးမြို့၊ အောင်ဇေယျာ ရပ်ကွက်နေ မာမာအေး(၄၆)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးမြို့၊ အောင်ဇေယျာ ရပ်ကွက်နေ မာမာအေး(၄၆)နှစ်၏ နေအိမ်အောက်ထပ် စားပွဲပေါ်မှ နှစ်လုံးထီ ဂဏန်းများ ရေးသားထားသော စာအုပ် (၁)အုပ်၊ စာရွက်ဖြတ်ပိုင်း(၅)ရွက်၊ ကတ်ကြေး (၁)လက် ၊ ဘောပင်(၂)ချောင်း၊ လောင်းကြေးငွေစက္ကူရောရာ ၄၁၁ဝဝိ/-တို့အား တွေ့ရှိသိမ်းဆည်း ရမိပြီး ၄င်းနေအိမ် ၌ နှစ်လုံးထီလောင်းကစားပြုလုပ်ရန် ရောက်ရှိနေသော အောင်ဇေယျာရပ်ကွက်နေ မဖြူဝင်း(၂၃)နှစ်နှင့် မငြိမ်း (၂၂)နှစ်တို့ (၂)ဦးအား တွေ့ရှိရကြောင်း သိရှိရသည်။ 

 မဖြူဝင်းထံမှ ငွေ(၅ဝဝိ/-) သိမ်းဆည်းရမိခဲ့၍ နှစ်လုံးထီလောင်းကစားဒိုင်ပြုလုပ်သူ မာမာအေးနှင့် ၊ နှစ်လုံးထီလောင်းကစားပြုလုပ်ရန်ရောက်ရှိနေသော မဖြူဝင်းနှင့် မငြိမ်းတို့အား မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း(ပ)၇၉/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video