Saturday, March 28, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ(၄) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မရပ်ကွက်၊ ကမ်းနားလမ်းနေသူ ဦးတင်နွယ်(၄၀)နှစ်သည် ၄င်း၏နေအိမ်ရှေ့ ကမ်းနားလမ်းဘေး တွင် ၃၄ယ/၇၂၅၁၃၊ Super Anbo-125 စိမ်း၊၀ါ၊မီးခိုး၊နက်ကြား ဆိုင်ကယ်အား ဇက်သော့ ခတ်ရပ်ထားစဉ် ““ဖြောင်းခနဲ””အသံကြား၍ ထွက်ကြည့်ရာ လူတစ်ဦးမှ ဆိုင်ကယ်အား ဇက်သော့ ချိုး၍ ခိုးယူထွက်ပြေး သွားသည်ကို တွေ့မြင်ရကြောင်း၊ ပေ(၂၀၀)ခန့်အကွာသို့ အရောက်တွင် အော်ဟစ်သောအခါ ဆိုင်ကယ် အား ထားခဲ့ပြီး ထွက်ပြေးသွားသဖြင့် အနီးတွင် လှည့်ကင်းတာဝန် ဆောင်ရွက်နေသော မကွေးမြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း၊
ကမ်းနားလမ်း၊ မြဧရာပန်းခြံ အနောက်ဘက် အခင်းဖြစ်နေရာနှင့် (၁)မိုင်ခန့်အကွာ အရောက်တွင် ဖမ်းဆီးရမိသဖြင့် စစ်မေးရာ ၄င်းမှာ ရေနံချောင်းမြို့၊ အောင်ဆန်း အနောက်ရပ်ကွက်နေ သူ ကောင်းထက်ခန့် (၁၉)နှစ် ဖြစ်ကြောင်း သိရှိရပါသည်။
နေအိမ်ရှေ့ လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ်အား ခိုးယူသူ ကောင်းထက်ခန့်အား အရေးယူပေးရန် ဦးတင်နွယ်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၉၈/၂၀၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၇၉(ဆိုင်ကယ်) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video