၂၀၁၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ည (၇)နာရီ (၄၅)မိနစ် အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် ပြည်-မကွေးကားလမ်း ပေါ်တွင် ယာဉ် တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပြည်-မကွေးကားလမ်းအတိုင်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ဘက်မှ မကွေး တိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ဘက်သို့ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်း ကျေးရွာနေသူ ရဲလင်း(၂၂)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဦးဌေးအောင် (၅၇)နှစ် လိုက်ပါလာသည့် YUNDE WAVE-110 ခဲပြာရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ် (၂၂၆/၁) အနီး၊ ဂုံတောကျေးရွာ အရောက်တွင် ယာဉ်တစ်စီးအား ကျော်တက်စဉ် တောင်တွင်းကြီးဘက်မှ ပြည်ဘက်သို့ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ်(၇) ရပ်ကွက်နေသူ ယာဉ်မောင်း လှစိုး(၄၁)နှစ် မောင်းနှင်သော 1B/xxxx ဟီးနိုး(၁၂)ဘီးယာဉ်၏ ရှေ့ဘန်ကာ ၀ဲဘက်အစွန်းနှင့် ချိတ်မိပြီး ဆိုင်ကယ် တိမ်းမှောက်သွားခဲ့၍ ရဲလင်းတွင် ၀ဲမျက်ခုံးအထက်၊ ၀ဲမျက်စေ့အောက် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) နှင့် ဌေးအောင်တွင် ၀ဲမျက်ခုံးပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ၀ဲလက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း သိရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင် သူ ရဲလင်းနှင့် လှစိုးတို့အား အောင်လံ မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:
Post a Comment