၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ (၂)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ ပခုက္ကူတက္ကသိုလ်အနီး၊ ရထားသံလမ်းကူး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့် အတူ အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပခုက္ကူ-မြိုင်ကားလမ်းအတိုင်း ပခုက္ကူမြို့ဘက်မှ မြိုင်မြို့ဘက်သို့ ပခုက္ကူမြို့နယ်၊ အနောက်ချောက်ကန် ကျေးရွာနေသူ ဇော်မင်းနိုင်(၂၆)နှစ် မောင်းနှင်လာသည့် LANJIA-125 အနက်ရောင် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ ရထားသံလမ်းကူးတံခါးအား ၀င်ရောက်တိုက်မိရာ ဇော်မင်းနိုင် တွင် ယာပါးပွန်း၊ ယာပခုံးပွန်း၊ ယာဒူးပွန်း၊ ၀ဲရင်ဘတ်ပွန်းဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ဇော်မင်းနိုင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၅၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment