၂၀၁၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ(၁) နာရီ (၅၀)မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခ ရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့ နယ်၊ မောက္ကလန် ကျေး ရွာနေသူ ကျော်ဇော(၃၅)နှစ်သည် အရက်သောက်စား မူးယစ်ပြီး မောက္ကလန် ကျေးရွာအတွင်း ဓါးကိုင် ရမ်းကား နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဖုန်းဖြင့် အကြောင်းကြားချက်အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရွာလယ်လမ်းမပေါ်တွင် ကျော်ဇောမှာ အရိုးအသွား (၁၁)လက်မခန့်ရှိ ဓါးဦးချွန် ကိုင်ဆောင်၍ ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ကျော်ဇောအား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေ ရဲစခန်း (ပ) ၂၆/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, March 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment