Saturday, March 28, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ (၅)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရွှေအိုး(၁)ရပ်ကွက်အတွင်း မြို့ရိုးပတ်လမ်းဘေး တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ သေဆုံးသူမှာ ရွှေအိုး(၁)ရပ်ကွက်နေသူ ဦးသိန်းမြင့် (၄၀)နှစ်ဖြစ်ကြောင်း သိရှိရ ပြီး ရွှေအိုး(၁) ရပ်ကွက်၊ မြို့ရိုးပတ်လမ်းဘေးတွင် တောင်ဘက်သို့ ဦးခေါင်းပြုကာ ပက်လက်အနေ အထားဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ အရက်နံ့ရလျှက် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် တောင်တွင်းကြီးမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video