၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ည (၈း၂၀) အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စလင်းမြို့ပြည်သူ့ဆေးရုံတွင် ထော်လာဂျီယာဉ် မှောက်၍ လူနာများရောက် ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ တောင်ကန်ရွာအဝင် မြောင်းဘောင်လမ်းအတိုင်း တောင်ကန်ရွာမှ တလင်း ကြီးကုန်းရွာသို့ တလင်းကြီးကုန်းရွာနေ ကျော်ခိုင်ထွန်း(၃ဝ)နှစ်မောင်းနှင်လာသည့် ဋ္ဌ/xxxx ထော်လာဂျီ ယာဉ်သည် မြောင်းဘောင်လမ်းကျဉ်းတွင် အရှိန်ပြင်းစွာမောင်းနှင်သဖြင့် တောင်ကန်ရွာ မြောင်းဘောင် လမ်း၏ယာဘက်သို့ တိမ်းစောင်းပြီး မြောင်ဘောင်ဘေးရှိ အနက်(၂)ပေ၊ အကျယ် (၃) ပေခန့်ရှိ မြောင်း အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့၍ ၎င်းရွာနေ မသူ(၃၁)နှစ် အပါအဝင် ယာဉ်ပေါ်ပါ ခရီးသည် ကျား ၁ ဦး၊ မ ၃ ဦးတို့ ပြုတ်ကျပြီး ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရှိရသည်။

ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ခိုင်ထွန်းအား စလင်းမြို့နယ်၊ မြို့မရဲစခန်းယာဉ် (ပ)၆/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment