၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် (၁၁) နာရီခွဲ အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက် တူပါရုံဘုရားလမ်းနေ ကိုမင်း(၃၄) နှစ်၏ နေအိမ် အနောက် ဘက်ကပ်လျှက် ခြံစည်းရိုးနှင့်(၁)တောင်ခန့်အကွာရှိ အကျယ်(၁)ပေ၊ အနက်(၁)ပေခန့်ရှိ မီးဖိုကျင်းမှ မီးပွားများလွင့်စင်ပြီး နေအိမ်၏ခြံစည်းရိုး ဝါးကပ်အား မီးစွဲလောင်ခဲ့ရာ ခြံစည်းရိုး (၁)ပေ ပတ်လည်ခန့် မီးလောင်ကျွမ်းပြီး အခြားနေအိမ်များသို့မီးကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ ၁၁၃၂ အချိန် မီးငြိမ်းကာ မီးလောင်မှု ကြောင့် တန်ဘိုး(၅ဝဝိ/-)ခန့်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ကိုမင်းအား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၈၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရလည်းကောင်း၊
၂ဝ.၃.၂ဝ၁၅ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျွန်းကိုင်းရွာနှင့် ကိုင်းစုရွာ စုပေါင်းဆောက်လုပ်ဆဲ ဓမ္မာရုံအနီးရှိ ယာခင်းအမှိုက်များအား ကျွန်းကိုင်းကျေးရွာနေ ဇော်လေး (၂၅)နှစ်မှ မီးရှို့၍ မြေစိုက်၊ အုတ်ဖိနပ်(၅)ပင်၊ (၃)ပင်၊ (၁၂)ခန်း သွပ်မိုး၊ ထရံကာ ဓမ္မာရုံ (၁)လုံး၊ တန်ဘိုး (၁၅)သိန်းခန့်အား မီးကူးစက်လောင်ကျွမ်းခဲ့ခဲ့ရာ ရွာသူ/သားများ ဝိုင်းဝန်းငြိမ်းသတ် မှုကြောင့် (၁ဝး၃ဝ) အချိန်မီးငြိမ်းသွားခဲ့၍ မဆင်မခြင်မီးရှို့သူ ဇော်လေးအား ၂၈.၃.၂ဝ၁၅ ရက်နေ့တွင် အောင်လံမြို့နယ် ၊ ရွှေပန်းတောနယ်မြေရဲစခန်း (ပ) ၂၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment