Sunday, March 29, 2015

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နေ့လည် (၁း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ နယ်မြေလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ၊ ပြည်စိုးကျေးရွာလမ်းပေါက်အနီးတွင် မင်းလှမြို့နယ်၊ ဒဟတ်ပင်ရေနံမှော်နေ အောင်ကို(၂ဝ)နှစ် မောင်းနှင် လာသည့် ၃၅ယ/xxxx ၊ YUNDE ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။ 

၎င်းဆိုင်ကယ်တူးဘောက်အတွင်းမှ အရှည်(၈)လက်မခန့်ရှိ ကော်ရိုးတပ် ကပ်ကြေး(၁)ချောင်း၊ အရိုး အသွား(၈)လက်မခန့်ရှိ စတီးဓါး(၃) ချောင်း၊ အရိုးအသွား (၉)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊ အရိုး အသွား(၁၁)ခန့်ရှိဓါးဦးချွန်(၁)ချောင်း၊ (၉)လက်မခန့်ရှိ စတီးဓါးဦးချွန်ခေါက်ဓါး(၁)ချောင်းတို့အား ရှာဖွေတွေ့ရှိသဖြင့် တရားမဝင်လက်နက်ကိုင်ဆောင်သူ အောင်ကိုအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်း (ပ)၂၄/၂ဝ၁၅၊ လက်နက်ဥပဒေပုဒ် ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ကြောင်း သတင်းရရှိသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video