Sunday, March 29, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နေ့လည် (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင် ၊ ကျောက်ထုမြို့နယ်၊ တပြင်းရဲကင်းစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ဆောမြို့နယ်၊ အညာပန်းပလွန်းကျေးရွာနေ ကျော်နိုင်(၄၅)နှစ်သည် အရက် သောက်စားမူးယစ်ပြီး အရိုး(၆)လက်မ၊ အသွား(၁၂)လက်မ၊ ဗျက်(၁)လက်မခန့်ရှိ ဓါးဦးချွန် (၁)ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကိုတွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။ 

ဓါးကိုင်ဆောင်ရမ်းကားသူ ကျော်နိုင်အား ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်း(ပ)၂၁/၂ဝ၁၅၊လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video