၂၀၁၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် (၈း၄၅) အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဒေါင်းနေရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေး-ရေနံချောင်းကားလမ်း ဒေါင်းနေ ကျေးရွာ အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ မကွေး-ရေနံချောင်း ကားလမ်းအတိုင်း မကွေးမြို့မှ ရေနံချောင်း ဘက်သို့ မြင်းခြံမြို့ နယ်၊ ခေါင်းကွဲကျေးရွာနေသူ ယာဉ်မောင်း သက်နိုင်ဦး(၄၃)နှစ် မောင်းနှင်လာသည့် 8H/xxxx ၊ Town Ace လိုက်ထရပ် အဖြူရောင်ယာဉ်သည် မကွေးမြို့နယ်၊ ဒေါင်းနေကျေးရွာအနီး မိုင်တိုင်အမှတ် မိုင်တိုင် အမှတ် ၃၄၃/၂ နှင့် ၃၄၃/၃ ကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ တောင်နံရံအား ပွတ် တိုက်မိပြီး ယာဉ်ပေါ်ပါခရီးသည် (၂၂)ဦးအနက် ကျား(၅)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၇)ဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သက်နိုင်ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment