၂၀၁၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ည(၁၀) နာရီ အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်း ကြီးမြို့နယ်၊ ကွင်းခြံစု ကျေးရွာနေ ဦးကြည်စိုး(၅၅)နှစ်သည် ရွာအရှေ့မြောက်ထောင့်ရှိ ဦးအေးလွင် နေအိမ် တွင် အလှူဆိုင်း နားထောင်ရန်သွားခဲ့ရာမှ နေအိမ်သို့ ပြန်လာစဉ် ဇနီးဖြစ်သူမှာ နေအိမ်တောင်ဘက်ရှိ အိမ်သာသို့ ဆင်းသွားသည်ကို တွေ့မြင်ရပြီး အိမ်ပေါ်၌လူရိပ်မြင်၍ တက်ကြည့်ရာ တစ်ရွာတည်းနေ သူ မောင်နိုင် (၄၃)နှစ်အား နေအိမ်အပေါ်ထပ် တံခါးအနီး နံရံတွင်ကပ်၍ ရပ်နေ သည်ကို တွေ့ရသဖြင့် ညဥ့်အချိန် ပုန်းလျှိုးအိမ်ကျော်နင်းသူ မောင်နိုင်အား အရေးယူပေးပါရန် ၃၀.၃.၂၀၁၅ ရက်နေ့တွင် ဦးကြည်စိုး မှ တရားလိုပြုလုပ် တိုင်တန်း၍ တောင်တွင်းကြီး မြို့မရဲစခန်း (ပ)၈၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Monday, March 30, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment