Monday, March 30, 2015

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက်(၈)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းသို့ မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာနေသူ ကိုအောင်ငွေ ရောက်ရှိ လာပြီး ၎င်း၏ဇနီး မသဲ (၃၄)နှစ်သည် ဗိုက်နာဗိုက်အောင့် ရောဂါဖြင့် ၁.၃.၂၀၁၅ ရက်နေ့တွင် မင်းဘူး ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသနေရာမှ ၂၉.၃.၂၀၁၅ ရက်နေ့ နံနက်(၈)နာရီ အချိန် သေဆုံး သွားကြောင်း၊ 
၎င်း၏ဇနီး မသဲသည် လွန်ခဲ့သော ၂၆.၂.၂၀၁၅ ရက်နေ့က တစ်ရွာတည်း နေ အဒေါ်ဖြစ်သူ ဒေါ်တင်စန်း နှင့် တစ်ယောက်တစ်ခွန်း စကားများခဲ့ရာ ဒေါ်တင်စန်းမှ အရှည် (၃)တောင်ခန့်ရှိ ၀ါးဆစ်ပိတ် တောင်ဝှေးတုတ်နှင့် မသဲ၏ ဗိုက်အား(၄/၅)ချက် ထိုးခဲ့ကြောင်း၊ 
၎င်း ဒဏ်ရာကြောင့် သေဆုံး သည်ဟု ထင်မှတ်ကြောင်း သတင်းပေးပို့ လာခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ မှ ဆေးရုံသို့သွားရောက် စစ်ဆေး ခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ သေဆုံးသူ မသဲမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အတွက် မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video