Monday, March 30, 2015

၂၀၁၅  ခုနှစ် မတ်လ၂၆ရက်နေ့ တွင် မြို့သစ်မြို့နယ် လဲလူကျေးရွာတွင်နှစ် (၇၀)ပြည့်ဖြစ်သော တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် နေရောင်ခြည်စွမ်းအင်သုံး (ဗဟိုဓါတ်အားဖြန့်ဖြူရေးစနစ်) ဖွင့်ပွဲအခမ်းအနားကို မတ်  လ ၂၆ ရက်နေ့ ညနေ၅းဝဝနာရီ အချိန်ကဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင် က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းဦး ကျေးရွာမီးလင်း ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှာကြာပြီးလဲလူကျေးရွာရပ်မိရပ်ဖဖြစ်သော ဦးကံဆယ်က  ယခုလို ကျွန်တော်တို့ ကျေးရွာမှာနေရာင်ခြည်စွမ်းအင်းဖြင့်လဲလူကျေးရွာမှာ မီးရရှိမယ်ဆိုတာကို အစကမယုံခဲ့ပါ ဘူး တကယ်ကိုမယုံစရာပါပဲ   ဘယ်အစိုးရမှယခုလို လုပ်မပေးခဲ့ပါဘူး အိမ်မက်မက်နေသ လားလို့ တောင်ထင်မိပါတယ်  နောက်ဆုံးအနေနဲ့ပြောလိုတာကတော့ ယခုလို  လဲလူကျေးရွာကို မီးလင်း အောင် ပံ့ပိုးပေးသော နိုင်ငံတော် အကြီးအကဲများ အစစ အရာရာ ပံ့ပိုး ကူညီဆောင်ရွက်ပေးသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်း/ခရိုင်/မြို့နယ်အစရှိသောဌာန အကြီးအကဲများ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးနှင့်တကွ လာရောက်တပ်ဆင်ပေး
ခဲ့သောကုမ္မဏီ ဝန်ထမ်းများအားလုံးကို လဲလူကျေးရွာ ၏ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လျှပ်စစ်မီးလင်းရေးဆိုင်းပုဒ်အားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင် ပြည်သူ လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သူ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးဇော်မင်းဦးတို့ ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသော လဲလူကျေးရွာ ဒေသခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ ကြောင်းသတင်းရရှိသည်။
                                            ဇော်ဇော်(မြို့သစ်)


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video